သိပ္ပံပညာ

သိပ္ပံပညာ

ဖြစ်ပျက်တွေ့ကြုံခဲ့မှုများအား စနစ်တကျ လက်တွေ့ဆန်းစစ်လေ့လာ၍ မှတ်တမ်းတင်ပြုစုထားသော မျိုး

သိပ္ပံ ဆိုသည်မှာ အင်္ဂလိပ် အခေါ် ဆိုင်းရင့်စ်(Science) ( လက်တင်ဘာသာစကား စီရန်ရှား မှဆင်းသက်လာသော စကားလုံးဖြစ်ပြီး ဗဟုသုတ ဟု အဓိပ္ပာယ်ရသည်။) ဖြစ်ပြီး ကမ္ဘာမြေနှင့် စကြာဝဠာ အကြောင်းများကို ခန့်မှန်းခြင်းများ၊ ရှင်းလင်းခြင်းတွက်ချက်ခြင်းများ၊ စမ်းသပ်ခြင်းများ၊ တီထွင်ခြင်းများ စသည် ဖြင့် ဗဟုသုတများစုစည်းတည်ဆောက်ထားသော၊ စံနစ်တကျဖြစ်စေရန် ရည်ရွယ်လုပ်ကိုင်ရသော စီမံကိန်းလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ )[၁][၂][၃]

သိပ္ပံ ဆိုသည်မှာ အရာခပ်သိမ်းမှန်သမျှကို စနစ်တကျ လက်တွေ့ ဆန်းစစ်လေ့လာသည့် ပညာတရပ်ဖြစ်သည်။ ယနေ့တွင် လူသားတို့၏ ဘဝ အရင့်အရင်ကာလများနဲ့စာပါက များစွာမှ တိုးတက်ပြောင်းလဲလာသည်မှာ သိပ္ပံပညာ၏ အကျိုးကျေးဇူး အများကြီး ပါပါသည်။ ထိုသို့ သိပ္ပံဆိုင်ရာ လေ့လာမှုပြုလုပ်သည့် ပညာရပ်ကို မြန်မာဘာသာစကားအားဖြင့် သိပ္ပံပညာ ဟု ခေါ်သည်။ သိပ္ပံပညာရပ်တွင် လက်တွေ့ သက်သေပြနိုင်မှသာ မှန်ကန်သည်ဟု ယူဆသည်။ ယခုလက်ရှိ အယူအဆထက် ပိုကောင်းသောအယူအဆ တွေ့ရှိချက်များ ပေါ်လာလျင်လည်း မူလအား ပယ်ဖျက်ကာ အယူအဆသစ်အား ချက်ချင်းလက်ခံရန် ဝန်မလေးပေ။

သိပ္ပံပညာဆိုသည်မှာ သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏အကြောင်းအကျိုးအမှန်တို့ကို နည်းစံနစ်ကျနစွာလေ့လာအသုံးချနိုင်သောပညာရပ်ကို ဆိုလိုသည်။ သိပ္ပံပညာသည်နည်းစံနစ်ကျန၍ခိုင်မြဲတိကျရ၏။ ကျွန်ုပ်တို့သည်မွေးကတည်းကစ၍ ပတ်ဝန်းကျင်၌ဖြစ်ပျက်လျက် ရှိသောဒြဗ်တို့၏အလယ်၌ နေခဲ့ရသည်ဖြစ်၍ အာရုံခံစားတတ်သည့်အရွွယ်တွင်ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့၊ အထိတည်းဟူသော အာရုံေခြာက်ပါးနှင့် တဖြည်းဖြည်းခံစားတတ်လာကြလေသည်။

ထိုအတူပင် ကမ္ဘာဦးကတည်းက လူတို့သည် ကမ္ဘာ လောက ကြီးအတွင်း ဖြစ်ပျက်နေသမျှသော အကြောင်းအရာ တို့ကို အာရုံ‌ေခြာက်ပါးနှင့် ခံစားတတ်လာကြသောအခါ တဖြည်းဖြည်းနှင့် သူတို့၏ပတ်ဝန်းကျင်ရှိ အရာဝတ္ထုဒြဗ်တို့၏ ဂုဏ်သတ္တိတို့ကို နားလည်သိရှိလာခဲ့ကြလေသည်။ အို နှင်းဆီပန်းကလေးနှယ်လှလိုက်တာဟု ဆိုလိုက်သောစကားလုံးများမှာ နှင်းဆီပန်း၏အလှကို စက္ခုအာရုံနှင့်ခံစားမိရာမှဖြစ်ပေါ်လာသော စကားလုံးများပင် ဖြစ်လေသည်။ နှင်းဆီပန်း၏ရနံ့သည်မွှေးမှန်းသိသကဲ့သို့ပင် နှင်းဆီပန်းအခက်မှ ဆူးတို့သည်နာကျင်စေတတ်သည်ကိုလည်း ခံစားနိုင်ခဲ့ကြသည်။ သစ်သီးပင်မှသစ်သီးသည်ချိုမြိန်မှန်းကို လည်းသိရှိလာခဲ့ကြ၏။ သောတအာရုံအားဖြင့်ခြင်္သေ့ဟောက်သံ၊ ကျားဟိန်းသံ စသည်တို့ကိုလည်း သိလာခဲ့ကြလေသည်။ ထိုအခါလူသည် ထိုအာရုံခြောက်ပါးနှင့်ခံစားမိသည့်အချက်တို့ကို စုပေါင်း၍ သူ့၌အသိဉာဏ်ကိုရရှိလာလေသည်။

ဘောလုံးငယ်တစ်လုံးကို စားပွဲအစွန်းတဘက်သို့ လှိမ့်လိုက်ပါက စားပွဲစွန်းလွန်သည့်တစ်ခဏ၌ ဘောလုံးသည် ဆက်လက်၍လိမ့်မသွားဘဲအောက်သို့ကျသွားသည်ကိုတွေ့ရမည်။ ထိုအခြင်းအရာမှာ အမှန်ဖြစ်တတ်သောအခြင်းအရာမျိုး ဖြစ်၍ ထိုအခြင်းအရာမျိုးကို သိရှိလာသူသည်သူ၏အသိတရားကို တဖြည်းဖြည်းနှင့် စွဲမြဲယုံကြည်လာ၏။

https://my.m.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%95%E1%80%8A%E1%80%AC