သက်ရှိ

သက်ရှိ

ဇီ၀အသက်

ရုပ်ဝတ္ထုတစ်ခု၌ ဆဲလ်အချက်ပြခြင်းနှင့် ကိုယ်အားကိုယ်ကိုး ရှင်သန်ရပ်တည်နိုင်ခြင်းစသည့် ဇီဝဖြစ်စဉ်များ ပါရှိခြင်းသည် “ သက်ရှိ” (ဖြစ်ခြင်း) (Life)၏ ဝိသေသလက္ခဏာဖြစ်သည်။ နိုင်းယှဉ်ကြည့်လျှင် (သေဆုံးသွားသဖြင့်) ဤသို့သော ဇီဝဖြစ်စဉ်များရပ်တန့်သွားသောကြောင့်ဖြစ်စေ၊ ဤသို့သော ဇီဝဖြစ်စဉ်များအစမှကတည်းမှပင် လုံးဝကင်းမဲ့သောကြောင့်ဖြစ်စေ ဤသို့သော ရုပ်ဝတ္ထုများကို သက်မဲ့ဟု ခေါ်ဆိုနိုင်သည်။ အပင်များ၊ တိရစ္ဆာန်များ၊ မှိုများ၊ ပရုတ်တင့်စ်များ(protists)၊ အာခိယာ(archea)၊ ဘက်တီးရီးယားအစရှိသဖြင့် သက်ရှိပုံစံအမျိုးမျိုး တည်ရှိသည်။ ဤသို့သော သက်ရှိများကို လေ့လာသည့် သိပ္ပံပညာရပ်ကို ဇီဝဗေဒဟု ခေါ်သည်။

https://my.m.wikipedia.org/wiki/%E1%80%9E%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD